Monday, January 10, 2022

"ပင်ပန်းလိုက်တာ"



ကိုယ်က ဘဝကို ဘယ်လောက်ပဲ 
ရိုးရှင်းအောင်နေပါစေ
ဘေးက လာလာရှုတ်နေကြတာနဲ့ပဲ 
ရှင်းမပြီးတော့အောင် ရှုတ်နေရော

အမှန်ကို သိထားတဲ့ချိန် 
ညာပြောနေတဲ့ သူတွေရဲ့ 
စကားနားထောင်ရတာ
တကယ်ကို အဆင်မပြေလှပါဘူး

မရိုးသားတဲ့ သူတွေကို
မရိုးမသား ပြုံးပြနေရတာ
ပင်ပန်းလိုက်တာ

San Zuren 🌸

5 comments:

  1. save karenni
    pray for karenni
    Donate 4 karenni
    ဒီချိန် တတိုင်းတပြည့်နယ် လွှတ်မြောက်ခြင်းသည်
    ငါတို့လွှတ်မြောက်ခြင်းနဲ့တူတူပဲ့��

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...