ရှေ့တန်းကရေးတဲ့ကဗျာ
ရှေ့တန်းကရေးတဲ့ ကဗျာ
ကဗျာမှာ အမုန်းတရားတွေကင်းတယ်
အိမ်ကိုသတိရစိတ်နဲ့ လွမ်းရသူတွေအတွက်
ကဗျာရဲ့စကားလုံးတွေဟာ စာရွက်အတွက်လေးလွန်းတယ်
ရှေ့တန်းကရေးတဲ့ ကဗျာ
ကဗျာမှာ ယုံကြည်ချက်တွေပြည့်နေတယ်
ခံယူချက်နဲ့ ရွေးချယ်မှုတွေဟာ နောင်တကင်းတယ်
ကဗျာရဲ့စကားလုံးတွေဟာ စာရွက်အတွက်လေးလွန်းတယ်
ရှေ့တန်းကရေးတဲ့ကဗျာ
ကဗျာမှာ အောင်မြင်ခြင်းတွေမြင်ရတယ်
စစ်ပွဲထဲကအောင်မြင်မှုထက် လူသားတစ်ယောက်ဖြစ်တည်ခြင်းရဲ့အောင်မြင်မှု
ကဗျာရဲ့စကားလုံးတွေဟာ စာရွက်အတွက်လေးလွန်းတယ်
ရှေ့တန်းကရေးတဲ့ကဗျာ
ကဗျာစာရွက်လေး သူကိုယ်တိုင်ပေးဖို့မျှော်လင့်တယ်
အိမ်ပြန်ရောက်တဲ့တစ်နေ့ အတူပြန်ဆုံတဲ့တစ်နေ့
ကဗျာရဲ့စကားလုံးတွေကို သူကိုယ်တိုင်ရွတ်ဖတ်ပြနိုင်ဖို့
ဆုတောင်းရသူရင်မှာ ခံစားချက်တွေလေးလွန်းတယ်။
ထူး
done
ReplyDeleteDone
ReplyDeleteလွမ်းတွေ
ReplyDeleteမြန်မာပြည်ကြီး ငြိမ်းချမ်းဖို့အတွက်
ReplyDeleteကြိုးစားကလစ်ကြစို့နော်
💮💮
ReplyDeleteThat nice poem
ReplyDeletedone
ReplyDeleteInterestig
ReplyDeletenice poem
ReplyDeleteNice.
ReplyDeleteDone
ReplyDeletedonr
ReplyDelete