Saturday, January 8, 2022

အမှန်တရားနဲ့ငြိမ်းချမ်းရေး


အမှန်တရားနဲ့ငြိမ်းချမ်းရေး


မင်းက မပက်သက်ချင်ပေမဲ့
နိုင်ငံရေးက မင်းကို ပက်သက်လာမယ်

မပါချင်လို့နေပေမဲ့
တော်လှန်ရေးက မင်းအိမ်ထဲ
ခြေသံပြင်းပြင်းနဲ့ ဝင်လာလိမ့်မယ်

အပြစ်မဲ့သူတွေလည်း 
အဖမ်းခံရ အသတ်ခံနေရသလို
အပြစ်ရှိနေသူတွေလည်း
အကြဥ်ခံရ အသတ်ခံနေရတယ်
ငါမပါဘူး ဆိုပြီး ရပ်နေစရာ နေရာမရှိဘူး

ဒါကြောင့် ဓမ္မဘက်ကို ရဲရဲရပ်ပြီး အမှန်တရားနဲ့ ငြိမ်းချမ်းရေးရှာဖွေပါ

စစ်ကိုမလိုပေမဲ့ စစ်က တပြည်လုံး လွှမ်းခြုံလာပါလိမ့်မယ်

San Zuren 🌸

5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...