Thursday, January 20, 2022

ကြွေတာကိုက ပွင့်ခြင်းပဲ


ပန်းဆိုတာ
ကြွေတာကိုက ပွင့်ခြင်းပဲ ။

တစ်ပွင့် ခြွေရင်
တစ်ပွင့် ဝေလွင်နေမှာပဲ ။

နှစ်ပွင့် ခြွေရင်
နှစ်ပွင့် ဝေလွင်နေမှာပဲ ။

ကဲ ....ခြွေစမ်းပါဦး
လေရူးလေနော့ သော့နှင်မဆုံး
လေသင်ဓုန်းလား မုန်တိုင်းလားပဲ
တအားတိုက်စမ်း ခြွေစမ်းပါဦး
ပန်းအဖူးတွေ မြေမှာကြွေအောင်
မွခြွေစမ်းပါ မမှုပါဘူး
ကြွေတာကိုက ပွင့်ခြင်းပဲ ။

ပန်း အဘိဓမ္မာ
ဒါပါပဲလေ ...
ခြွေလို့ကြွေကြွေ ကြွေလို့ နေနေ
ကြွေတာကိုက ပွင့်ခြင်းပဲဟေ့ ။ ။

(မောင်ချောနွယ်)

9 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...