"Black Shirt Campaign "
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေခဲ့ကြသောထားဝယ်ပြည်သူလူထုကို အကြမ်းဖက်ကာ လူသတ်လက်နက်ဖြင့်ဖြိုခွင်းခဲ့သည့်နေ့မှာ ဖေဖော်ဝါရီလ (၂၈) မှ လာမည့် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် (၁၀) လတင်းတင်းပြည့်ပြီဖြစ်သည်။ ထိုအကြမ်းဖက်ဖြိုခွင်းမှုတွင် အပြစ်မဲ့ထားဝယ်ပြည်သူ(၄)ဦးသည် စစ်ဘီလူးများ၏ ကျည်ချက်များကြောင့် အသက်ပေးခဲ့ရပေသည်။ နွေဦးတော်လှန်ရေးစတင်ချိန်မှစ၍ ယခုအချိန်ထိ တစ်တိုင်းတစ်ပြည်လုံးရှိ တော်လှန်ရေးအင်အားစုအသီးသီးသည် ပြည်သူများနှင့်တစ်သားတည်းရပ်တည်ကာ စစ်အာဏာရှင်စနစ်ကို မဆုတ်မနစ်တော်လှန်နေကြဆဲဖြစ်သည်။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သွားသည့်တိုင် အမြစ်ဖြတ်မည့်ဤနွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ပေးဆပ်မှုမှာ အင်မတန်မှများပြားခဲ့ရပါပြီ။ သို့သော် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် "ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဟူသကဲ့သို့ မဆုတ်မနစ်ပဲ အဆုံးထိတော်လှန်သွားဖို့ရာ လိုအပ်ပေသည်။
ထို့ကြောင့် ထားဝယ်မြို့တွင်ကျဆုံးသွားသော သူရဲကောင်း (၄)ဦးနှင့်အတူ တစ်နိုင်ငံလုံးရှိ ကျဆုံးသွားကြလေသော နွေဦးတော်လှန်ရေးသူရဲကောင်းများအား ဝမ်းနည်းဂုဏ်ပြုသောအားဖြင့် လာမည့် ဒီဇင်ဘာ (၂၈)ရက် ည (၇) နာရီအချိန်တွင် ပြုလုပ်သွားမည့် Black Shirt Campaign (အင်္ကျီအမဲရောင်ဝတ်ဆင်ခြင်းကမ်ပိန်း)ကို Social media အပေါ်တွင် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်။
Black Shirt Campaign
နေ့ရက်- ဒီဇင်ဘာ (၂၈)ရက်
အချိန်- ည ၇:၀၀ နာရီ
#blackshirtcampaign
#donotforgetfeb28
#martyrsneverdie
#info
#DTUSU
#crd

done
ReplyDelete💪💪💪
ReplyDelete🙏🙏🙏
ReplyDeleteပါ၀င်ပါမယ်ခံဗျာ
ReplyDeleteDone
ReplyDeleteDone
ReplyDelete