ထမင်းချိုင့်ရယ်
စပါးရိတ်တဲ့ တံဇဉ်ရယ်
တောက်တိုမယ်ရထည့်တဲ့ လွယ်ခြင်းလေးရယ်
အင်္ကျီချွတ်တစ်ထည်ရယ်
ဦးထုပ်အဖြူလျှာထိုးလေးရယ်
ဘာထူးလဲ
ဘာထူးလဲဆိုတော့သေချာကြည့် ဦးထုပ်နောက်နားမှာသွေးစွန်းနေတာ တွေ့လား
စပါးရိတ်ကောက်လှိုင်းစည်းနေတဲ့ သာမန်အရပ်သားလယ်သမားတစ်ယောက်ရဲ့ ပစ္စည်းတွေ
အခုတော့ သူမရှိတော့ဘူး ရဟတ်ယာဉ်ပေါ်ကဆင်းလာတဲ့စစ်သားတွေက လက်ပြန်ကြိုးထုတ် ဖမ်းခေါ်လမ်းပြခေါ် ဒူးထောက်ခိုင်းပြီး နောက်စေ့တည့်တည့် ပစ်သတ်သွားတာ
ဒီစစ်တပ်က အရိုင်းကောင်တွေပဲ သူတို့အတွေးလုပ်ရပ်တွေက အရိုင်းစိတ်ပဲရှိတယ် လူ့ဘောင်အတွက် အဆိပ်အတောက် မရှိသင့်တဲ့အဖွဲ့အစည်း
အသက် ၁၇ နှစ်အရွယ် သားတစ်ယောက် စစ်တပ်ကပစ်သတ်တာခံရတာ တစ်စက်မှမငိုပဲ ဘာမှမဖြစ်သလိုနဲ့ အသက် ၄၀ ကျော်ရင်ရော ကျွန်မ PDF ထဲဝင်လို့ရလားဆိုတဲ့ သားသည်အမေနဲ့တွေ့တော့ ဘာပြောရမှန်းမသိဘူး
ဖက်ဆစ်တပ်က ကြောက်မယ်ထင်ပြီးလုပ်နေသမျှက အာဃာတတွေ စိတ်အနာတွေပိုပိုများလာဖို့ပဲရှိတယ် ဖိနှိပ်လိုက်တိုင်းပုန်ကန်ေတာ်လှန်တဲ့အင်အားက ဒီထက်ဒီထက်များလာတယ်
စစ်ကိုမလိုကြပေမယ့် စစ်ကိုရွေးခဲ့ကြပြီး နိုင်အောင်လုပ်ဖို့ပဲရှိတယ်
နိုင်အောင်တိုက်ကြ နိုင်အောင်ကူကြ
ဒီလူမှု့အသိုက်အဝန်းမှာမရှိသင့်တော့တဲ့ အဖွဲ့အစည်းကို ဘာအကြောင်းနဲ့မှ လက်မခံကြနဲ့
ဖိရင်ကြွမယ်
ReplyDelete😢😢😢🙏
ReplyDeletedone
ReplyDeletedone
ReplyDeleteရိုးရိုးသေမဲ့အစား ဒီအကြမ်းဖက်တွေကို နှုတ်ပြီးမှ ေသေတာပိုကောင်းမယ်
ReplyDelete"ဆုတောင်းသံ"
ReplyDeleteထမင်းဝိုင်းမှာ ဟင်းစုံဖို့ထက်
မိသားစုတွေ စုံဖို့ကိုပဲ ပိုပြီးတော့
ဆုတောင်းမိပါတယ်
💪💙
ReplyDelete😢
ReplyDelete🕴🕴🕴
ReplyDelete😪😪😪
ReplyDelete