မြိတ်-ထားဝယ်ကားလမ်းမှာ ခရီးသည်ကားတွေကို စစ်ကောင်စီတပ်တွေ ပစ်ခတ်
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၄
သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ ဒီနေ့မနက် စောစောက ခရီးသည်ကားလေးစီးနဲ့ကုန်ကားတစ်စီးလမ်းမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပါတယ်။
သရက်ချောင်းမြို့နယ်၊ ပိတိုင်ရွာမှာ ဒီနေ့နံနက် ၄ နာရီခွဲဝန်းကျင်က မြိတ်ဘက်ကလာတဲ့ကားတွေ ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီတပ်တွေက ပစ်ခတ်ခဲ့တယ်လို့ အနီးအနားရွာက ဒေသခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ဘာကြောင့် ခရီးသည်ကားတွေကိုပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့အတည်မပြုနိုင်သေးပါဘူး။
ပစ်ခတ်ခံရမှုကြောင့် ကုန်ကားယာဥ်မောင်းတစ်ဦး၊ ခရီးသည်ကားယာဥ်မောင်းတစ်ဦးနဲ့ ခရီးသည်တချို့ ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ကုန်တင်ကားမှာလမ်းဘေးထိုးကျပြီး ကုန်တင်ကားယာဥ်မောင်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
ပစ်ခတ်ခံရတဲ့ခရီးသည်ကားတွေကတော့ ရွေမန္တလေး ၂ စီး၊ ရတနာတိုး ၁ စီး၊ အန်တီဝင်း ၁ စီး တို့ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေ ရွာသား ၄ ဦးကိုဖမ်းဆီးထားပြီး ရွာမှာ လိုက်လံဖမ်းဆီးတာတွေရှိနေတဲ့အတွက် ရွာသားတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ အနီးအနားရွာက ဒေသခံတွေကပြောပါတယ်။
အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ စစ်ကောင်စီကားမိုင်းဆွဲခံရလို့ ခရီးသည်ကားတွေကို ရမ်းသမ်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
The Tanintharyi Times
စခယုတ်မာချက်ကတော့
ReplyDeleteယုတ်မာတာ
ReplyDeleteခွေးကျင့်ယုတ်တွေ မနိုင်ရင် ေမြေခွေးလို ေကောက်ကျင့်မယ်ဆိုတာကြီးဘဲ
ReplyDeletePDFလုပ်တာလို့ပုံချနေပါတယ်😎😎😎😎
ReplyDeletedone
ReplyDeletedone
ReplyDeletedone 💙
ReplyDelete