Wednesday, December 8, 2021

Click4Tanintharyi

ခေတ်တွေကမကောင်းတော့ဘူး
စနစ်တွေလည်း ပြောင်းကုန်ပြီပေါ့

လူသားဆန်ခြင်းတွေမရှိတော့တဲ့ 
ဒီကမ္ဘာမှာ အာဏာနဲ့ငွေဟာ အရာရာပဲမလား

မမြင်လည်းကြားနေရတယ် မကြားလည်းသိနေရတဲ့
လူသားတွေရဲ့ သောကအပူမီးတွေကို ငြိမ်းပေးဖို့ ဘယ်တန်ခိုးရှင်ကိုအကူညီတောင်းရမလဲ

နှလုံးသားကအိမ်မက်တွေမပြောနဲ့ လက်တွေကျတဲ့အိမ်မက်တွေတောင် ကျည်ဆံတွေနဲ့ဗြောက်သံတွေကြားမှာ မမက်နိုင်တော့တဲ့လူငယ်တွေအများကြီး

ဆောင်းရာသီရဲ့ အေးချမ်းသာယာမှုဟာ
လူသားတွေထံမသက်ရောက်ပေးနိုင်ခဲ့တာကို ကျွန်တော်ဝမ်းအနည်းဆုံးပဲ

ပန်းပွင့်တဲ့ရာသီမှာ ပန်းကလေးတွေမြေခတယ် 
နှင်းမြူတွေကြား အခေါင်းတိုင်ရဲ့မီးခိုးတွေ ရောယှက်နေတော့ ဒီနှစ်ဆောင်းမလှနိုင်တာ ဘာဆန်းလို့လဲ...

                                                           #Mental_Note

#mental note
#credit

12 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...