Monday, December 20, 2021

Click4Tanintharyi



မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ပိတ်ဆို့အရေးယူဖို့ ပိတ်ဆို့ဖို့အတွက် လက်မှတ် ၃ သိန်းထိုးကြပါစို့
___________________________________________

အမေရိကန်နဲ့ ပြင်သစ်အစိုးရအနေနဲ့  မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ပိတ်ဆို့အရေးယူ တားဆီးဖို့အတွက်  လက်မှတ် ၃ သိန်းလိုအပ်နေလို့ Justic For Myanmar Facebook မှာ ဖော်ပြထားပါတယ်။ 

အကြမ်းဖက် စစ်ကောင်စီကို လစဉ်ဒေါ်လာ သန်းပေါင်းများစွာရှာဖွေပေးနေတဲ့ MOGE ကို စီးပွားရေးပိတ်ဆို့ အရေးယူဒဏ်ခတ်ဖို့ အားလုံး ပူးပေါင်းပါဝင်ကြပါစို့။

လက်မှတ်ထိုးဖို့ ပါဝင်ဖို့အတွက် ဒီလင့်ကို ဝင်ရောက်ရမှာဖြစ်ပါတယ်။ https://bit.ly/3GPaye0
(လင့်အား ဝင်ရောက်ပြီးပါက ပြုလုပ်ပုံအဆင့်ဆင့်ကို ပူးတွဲပါပုံမှာ ဖော်ပြထားပါတယ်။)

MOGE ကရတဲ့ ငွေကြေးတွေဟာ စစ်ကောင်ဆီသက်ဆိုးရှည်ရေးအထောက်အပံ့ပေးနေတာဖြစ်ပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ရန်ပုံငွေ ဖြစ်နေတာပဲဖြစ်ပါတယ်။ 
 
စစ်အာဏာရှင်ကို သတ္တိရှိရှိ တွန်းလှန်နေတဲ့ မြန်မာပြည်သူတွေနဲ့ စည်းလုံးညီညွတ်တာကို ပြသဖို့ အားလုံးအတူတကွ ဒီတောင်းဆိုလွှာကို လက်မှတ်ရေးထိုးကြပြီး အာဏာရှင် ဒေါက်တိုင်မှန်သမျှကို ဖြတ်တောက်ကြဖို့ လိုအပ်ပါတယ်။

#SpringRevolution 
#crdPVTV




8 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...