Saturday, December 11, 2021

Click4Tanintharyi


အင်းစိန် နှင့်ပုသိမ်ထောင်တို့တွင် ဆန္ဒပြ 

10 Dec 2021 by MPA 

တစ်နိုင်ငံလုံးပါဝင်ခဲ့သည့် တိတ်ဆိတ်ခြင်းသပိတ်(silent strike)ကို ရန်ကုန်မြို့ရှိ အင်းစိန်ထောင်နှင့် ဧရာဝတီတိုင်းပုသိမ်ထောင်တို့တွင်လည်း  ပြုလုပ်ခဲ့ကြကြောင်း အကျဉ်းဦးစီးဌာနနှင့်နီးစပ်သူများထံမှသိရသည်။ 

အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက "မနက်ပိုင်းတန်းစီပြီးရင် အပြင်တွေဘာတွေထွက်လို့ရတယ်။အဲ့တာကိုမထွက်ကြတော့တာပေါ့။ထမင်းစားချိန်ပဲထွက်စားကြတယ်။ဘာကြွေးကြော်သံမှလည်းမတိုင်းပဲ။ဒီအတိုင်းပဲ အသံတိတ်နေကြတာ"ဟု ပြောသည်။ 

အင်းစိန်အကျဉ်းထောင်နှင့်ပုသိမ်အကျဉ်းထောင်တို့တွင်ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး နံနက်ပိုင်းတန်းစီပြီးချိန်မှစ၍ထမင်းစားချိန်မှလွဲ၍အပြင်သို့မထွက်ဘဲ အသံတိတ်သပိတ်တွင်ပါဝင်ခဲ့ကြသည်။ 

အင်းစိန်သီးသန့်ထောင်တွင် ညနေလေးနာရီအသံတိတ်သပိတ်ပြီးဆုံးချိန်တွင် သွေးသစ္စာသီချင်းသီဆိုခြင်းပြုလုပ်ခဲ့ကြောင်းသိရသည်။ 

ယင်းသို့ သွေးသစ္စာ သီချင်း သီဆိုချိန်တွင် ရိုက်နှက်ခံရကြောင်း သတင်းထွက်ပေါ်လာသော်လည်း အတည်ပြုချက် မရပေ။ 

ဇူလိုင်လ ၂၃ ရက်နေ့ နံနက်ပိုင်းကလည်း ထောင်ဝင်စာရက်ကန့်သတ်ထားခြင်းနှင့် အချုပ်၊အကျဉ်းဆောင်များမှ ဖျားနာနေသူများ ဆေးကုသခွင့်အပြည့်အဝမရရှိခြင်းတို့ကြောင့် အကျဉ်းသား အချုပ်သားများမကျေနပ်ဖြစ်ကာ  အင်းစိန်ထောင်တွင်းဆန္ဒပြမှု ဖြစ်ပေါ်ခဲ့သေးသည်။ 

ထိုနေ့တွင်လည်း  သွေးသစ္စာသီချင်းနှင့်ကြွေးကြော်သံများကို ဟစ်​ကြွေးခဲ့ကြ သည်။



5 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...