အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများကို သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို တရားစွဲရန် နိုင်ငံတကာရာဇဝတ်တရားရုံး ICC သို့ ဦးတိုက် လျှောက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ မြန်မာပြည်သူများကို သတ်ဖြတ်ခဲ့မှုအ တွက် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ICC တရားရုံးတွင် ယနေ့ တရားစွဲရန် အမှုတင်ပြလိုက်ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက သတင်းဖော်ပြသည်။
မင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူ ပြည်သူများကို သတ်ဖြတ်ရာတွင် ကြီးကြပ်ကွပ်ကဲခဲ့သည့်အတွက် နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရှေ့ မှောက်တွင် တရားစွဲရန် လန်ဒန် အခြေစိုက် MAP- Myanmar Accountability Project က ယနေ့ ဦးတိုက်လျှောက်ထားကြောင်း သိရှိရသည်။
ICC တရားရုံးသို့ ယနေ့ ဦးတိုက်လျှောက်ထားမှုတွင် MAP က စစ်တပ်၏ မြန်မာ ပြည်သူများကို အကြမ်းဖက်နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို အမှုဖွင့်လှစ်ရန် Hague ခုံရုံးကို တိုက်တွန်းကြောင်း ပြောဆိုထားသည်။
“တရားမ၀င် အာဏာသိမ်းခေါင်းဆောင်အနေနဲ့ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့အတွက် တာဝန်ရှိပါတယ်။ အမှုအလားအလာကောင်းပြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု MAP ဒါရိုက်တာ Chris Gunness က ပြောဆိုကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွင်းမှုများကြောင့် ကလေးငယ် ၇၅ ကျော် အပါအဝင် အနည်းဆုံး လူ ၁,၃၀၅ ဦး သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၁၀၇၅၆ ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်တွင် ကလေးငါးဦးအပါအဝင် ရွာသား ၁၁ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အရှင်လတ်လတ် မီးရှို့ခဲ့ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့တွင် အစီရင်ခံတင်ပြခဲ့သည်။
“ဒီလို အကြမ်းဖက်မှုတွေကို ကျနော်တို့ ပြင်းပြင်းထန်ထန် ရှုတ်ချပြီး အရပ်သားတွေရဲ့ ဘေးကင်းမှုနဲ့ အကာအကွယ်ပေးဖို့ နိုင်ငံတကာ ဥပဒေအောက်မှာ သူတို့ရဲ့ တာဝန်တွေကို မြန်မာစစ်တပ် အာဏာပိုင်တွေကို သတိပေးပါတယ်။ ဒီရက် စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ထည့်သွင်းစဉ်း စားရမှာဖြစ်ပါတယ်” ဟု Dujarric က ၎င်း၏ ပုံမှန် ရှင်းလင်းပွဲအတွင်း ပြော ကြားခဲ့သည်။
အလားတူ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ Ned Price က ပြည်သူ ၁၁ ဦးကို အရှင်လတ် မီးရှို့ သတ်ဖြတ်သည့်အဖြစ်အပျက်နှင့် ပတ်သက်၍ အမေရိကန်က ဒေါသထွက်ရကြောင်း ပြောကြားခဲ့သည်။
#Khit Thit Media

Done🤍
ReplyDeletedone
ReplyDelete💙
ReplyDelete💪💪💪
ReplyDeleteDone
ReplyDelete👍👍👍
ReplyDeleteအမြန်ဆုံးက်ြုးစင်တက်ပါစေ
ReplyDeleteကျက်သရေတုံး
ReplyDelete