" ငါတို့ နိုင်ငံ
ငါတို့နွေဦး "
ငါတို့အတွက်
ငါတို့ အသက်တွေရင်းထပ်ခဲ့တယ်
ငါတို့ ဘဝတွေ နှင်းအပ်ခဲ့တယ်။
တော်လှန်လက်ရုံးတွေ
မက်မဆုံးစွာ ညီတဲ့အတိုင်း
ငါတို့နွေဦးဟာ...
မြစ်ရေလို ကဆုန်စိုင်း စီးခဲ့တယ်။
အာဏာရှင်လည်း မဟန်နိုင်
တပ်လန်လို့ ယိုင်ခဲ့ပြီ...။
အရပ်က ထက်လေတော့
တပ်ပျက်လို့ လူမစုသာဘူး ။
မိစ္ဆာအမှောင်တိုက်ပြေးဖို့
လူတိုင်း...
မိုးသောက်တေးကို ဆိုနေကြပြီ။
နိုင်ငံတော်ဦးကို
ငါတို့အတူဖူးကြလို့
ဝါဒဖြူစင်ခြင်းတွေ
ဤမြေမှာ...
အပြုံးများနဲ့ ညီစေရမယ်
နှလုံးသားမှာ တည်နေရမယ်
ကျောကသား ရင်ကသား
မခြားဘဲ တင့်စေရမယ်
တသားတည်း ပွင့်စေရမယ်။
လက်ျာဧ
#thevoiceofspring #poem

Good👍💪❤️
ReplyDelete😍😍😍😍
ReplyDeletedone
ReplyDeleteအရေးတော်ပုံအောင်တော့မည်။
ReplyDeleteGood morning
ReplyDelete💙
ReplyDelete💪💪💪💪
ReplyDeleteနောင်ကြိုးတွေကြောင့် digital stikes ကိုတော့ တာဝန်းမပျက်ပါဗျ
ReplyDelete