Breaking News
ခေါင်တိုင်ပြင်ရွာကို စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်၊ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေ
တနင်္သာရီတိုင်းမ်၊ ဒီဇင်ဘာ ၂၁
ထားဝယ်မြို့ကနေ ဆယ်မိုင်ဝန်းကျင်သာ အကွာအဝေးရှိတဲ့ မောင်မယ်ရှောင်ကျေးရွာအုပ်စုအနီးက ခေါင်တိုင်ပြင်ရွာကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာပြီး သေနတ်သံတွေ ဆက်တိုက်ကြားနေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
၁၀ နာရီ ၂၀ မိနစ်အထိ သေနတ်သံတွေဆက်တိုက်ကြားနေရဆဲဖြစ်ပြီး ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်အင်အားအတိအကျနဲ့ အခြားအသေးစိတ်အချက်အလက်တွေတော့မသိရသေးပါဘူး။
The Tanintharyi Times
ဘေးကင်းကြပါစေပြည်သူနဲ့PDF
ReplyDeleteအနိုင်ကျင့်ခဲ့ပီး
ReplyDeleteအနိုင်ရခဲ့တာတွေကို
တကယ့်အနိုင်လို့ထင်....
တစ်ဆောင်းသစ်ပြီ
ခေတ်ပြောင်းပြီလေ....
💪💙
ReplyDeleteဘေးကင်းကြပါစေ
ReplyDeleteေဘးကင်းပါးေစဗျ..သတင်းကောင်းပဲ့ကြားသိရပါစေ🙏
ReplyDeleteဆုတောင်းလို့မရဘူး.ကူမှရတာ
ReplyDeleteDone💪
ReplyDeletePdfတွေ ဘေးကင်းကြပါစေ
ReplyDelete