Wednesday, December 15, 2021

Click4Tanintharyi

တစ်ခါတလေကျ တွေးမိတာ
အခုကာလကြီးမှာ ကိ်ုယ်တွေအတွက်သာ ကမ္ဘာကြီးကရပ်တန့်သွားတာ
အချို့တွေအတွက်ကတော့ ကမ္ဘာကြီးက ပံုံမှန်လည်ပတ်နေတုန်းပဲ

ကိုယ်တွေရဲ့ ကမ္ဘာကြီးမှာ အလုပ်မရှိဘူး ဝင်ငွေမရှိဘူး
personal development တွေ careers development တွေမရှိဘူး
ကိုယ်တွေရဲ့ ကမ္ဘာကြီးမှာ လူတွေသေတယ် ရွာတွေမီးလောင်တယ် မိသားစုတွေသေကွဲရှင်ကွဲ ကွဲကြတယ်
အရာအားလုံးရပ်တန့်နေသလို ခံစားရတယ်

အချို့တွေရဲ့ ကမ္ဘာကြီးမှာတော့ ပျော်စရာတွေရှိတယ် ပွဲတော်တွေရှိတယ် မွေးနေ့ပါတီတွေရှိတယ် အလှဓာတ်ပုံတွေရှိတယ် ပျော်ရွှင်ချမ်းမြေ့နေတဲ့ မိသားစုတွေရှိတယ်
ဝင်ငွေကောင်းနေတဲ့သူတွေရှိတယ် အပျော်ခရီးတွေရှိတယ် နိုင်ငံခြားပညာတော်သင်တွေရှိတယ်

ကမ္ဘာနှစ်ခြမ်းကွဲခဲ့ရင်တောင် မရှက်ရတဲ့အခြမ်းမှာ ငါနေမယ်ဆိုတဲ့စိတ်နဲ့ရွေးခဲ့တဲ့လမ်းပေမယ့် နိုင်ငံတစ်ခုထဲမှာတင် ကမ္ဘာ ၂ ခြမ်းကွဲနေတဲ့ အဖြစ်တွေက ရင်နာနာနဲ့ ပြုံးရတဲ့အဖြစ်တွေပေါ့လေ...............





#credittooriginaluploader


8 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...