Thursday, December 2, 2021

Click4Tanintharyi

"အဖြစ်အပျက်​တွေက ပြီးသွားမှာ၊ သမိုင်း​တွေက​တော့ ကျန်ခဲ့မှာ"

အဲဒီခံယူချက်နဲ့ပဲ ဘယ်လိုအခက်အခဲ​တွေကြုံကြုံ ​ရှေ့ဆက်​နေပါတယ်။ တစ်ချိန် ပြန်စဥ်းစားတိုင်း ကိုယ်ဘယ်လိုရပ်တည်ခဲ့တယ် ဆိုတာကို ဂုဏ်ယူချင်လို့ပါ။ ​မတရားမှုကို ဘက်​ပေါင်းစုံက​နေ ဆန့်ကျင်​​တော်လှန်နေကြတဲ့ ကျ​နော့်ရဲ့ ညီအစ်ကို​မောင်နှမ​တွေကိုလည်း အဲ့လို​တွေးပြီးပဲ အားတင်း​စေချင်ပါတယ်။

လက်​လျှော့လိုက်ချင်စိတ်​တွေ ​ပေါ်လာတိုင်း ဒီ ၁၀ လအတွင်း ကျ​နော်တို့ ဖြတ်​ကျော်ခဲ့ပြီးတဲ့ မိုင်တိုင်​တွေကို ပြန်ကြည့်​ပေးပါ။ စိုက်ထုတ်ခဲ့ရတဲ့ လုံ့လ​တွေကို နှ​မြော​ပေးပါ။ ပေးဆပ်ခဲ့ရတဲ့ အသက်​တွေ၊ ဘဝ​တွေကို အားနာ​ပေးပါ။ 

ပြည်သူ​ပေါင်းများစွာရဲ့ အနာဂတ်နဲ့ ​လောင်း​​ကြေးထပ်ထားရတဲ့ပွဲမို့ အဆုံးထိ ဇွဲမလျှော့​ဘဲ ပါဝင်ကြဖို့ဟာ ကျ​နော်တို့အားလုံးရဲ့ တာဝန်ဖြစ်လို့ပါ။

Photo credit - University of Medicine1, Yangon Interim University Council



#Dr.Phio Thiha
#credit

10 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...