ပြေး ...
ပြေး .... ပြေး ...
အော်သံတွေအဆက်မပြတ်ကြားပြီးနောက်
လူ က ဟပ်ထိုးလဲကျသွားသည်
ချက်ခြင်း ကုန်းထပြီး အားရှိသမျှ
ခြေထောက်ဆီ ပို့ကာ
နောက်လှည့်မကြည့်ပဲ ပြေးထွက်လာခဲ့ရ
မောလွန်းလို့ ပါးစပ်ထဲမှာ ချွဲပင်ထနေသည်
လူသွားလူလာ ရှင်းသည့်လမ်းကြားထဲ
ရောက်မှ စိတ်ဒုန်းဒုန်းချ နေနိုင်တော့တယ်
" အခြေနေ ဘာထူးသေးလဲ ..
သူတို့ပြန်သွားကြပြီလား အစ်မ "
ရှေ့မှ ဖြတ်သွားသည့် မျိုးသမီးတစ်ဦးကို
လှမ်းမေးလိုက်တော့ လှည့်ပင်မကြည့်ပေ
နားလည်ပါတယ် ...
တချို့က ဒီလိုအခြေနေမှာ ကူညီပေးရင်
ကိုယ်ပါ ရောပြီး ဒုက္ခရောက်မှာကိုး ...
ထိုင်ရာမှ ထ လိုက်ပြီး ပြဿနာဖြစ်ရာ
နေရာကို တကျော့ပြန်သွားဖို့
ပြင်လိုက်သည်
ကိုယ့်သူငယ်ချင်းတွေ အဖွဲ့တွေ
ဘယ်လိုဖြစ်ကုန်ကြပြီလဲ
သိချင်စိတ်က ထိန်းမရ ...
လမ်းထဲဝင်လာတဲ့ တစ်ယောက်ကို ထပ်ပြီး
" အကို သူတို့ရှိတုန်းပဲလား "
ပြန်မပြောပဲ ဆက်သွားနေတဲ့ လူကို
ကြည့်ပြီး တစ်ချက်တော့ တင်းသွားသည်
ဒါလေးပြောဖို့တောင် အ့လောက်ခက်ခဲ
နေကြပြီလား .. ကြောက်ရွံ့စိတ်ထက်
ငါတို့ပါ ပြဿနာဖြစ်မှာစိုးရိမ်တဲ့စိတ်က
ပိုနေပြီလား လို့ တွေးမိလေသည် ..
နောက်ထပ်လမ်းလျှောက်လာနေတဲ့
ညီမငယ်တစ်ယောက်ကို တွေ့တော့
ရှေ့က ပိတ်ရပ်ပြီး
" ညီမလေး ... သူတို့ သူတို့ ... "
စကားမဆုံးလိုက်ပေ ...
ကိုယ့်ကိုဖြတ်ပြီး ဟန်မပျက်
လမ်းဆက်လျှောက်သွားတာကိုကြည့်ပြီး
အံ့သြစိတ်နဲ့ တွေပြီးရပ်နေမိသည်
" ငါ့ခန္ဓာကိုယ်ကဖြတ်ပြီး လမ်းလျှောက်လို့
ရတယ်လား ... ငါ့ကို မမြင်ကြဘူးလား "
ဘာသာတွေးပြီး အသိတစ်ခုက လက်ခနဲ
ချက်ခြင်းပြေးထွက်လာခဲ့လိုက်သည်
မြင်ကွင်းက ရင်ထဲမှာ စို့နင့်နာကျင်ခဲ့ရ
သွေးကွက်အချို့ ... ပြန့်ကျဲနေတဲ့ ဖိနပ်တွေ
လမ်းမပေါ်က အင်္ကျီဖြူတစ်ထည် ...
ပြီးတော့ ... သူ့ရုပ် သူ့ခန္ဓာ က ခွေခွေလေး
ခြေထောက်တစ်ခုလုံး မြင်ရက်စရာမရှိ
ယောင်ပြီး ကိုယ့်ကိုယ်ကို ငုံ့ကြည့်မိသည်
ဒါ ဆို ... ငါ ... ငါ ...
အသိ ... သတိ ...
စိတ်ထဲ ဖျတ်ခနဲ မြင်ယောင်မိတာ က ..
" အ .... မေ "
အမေ .. ငါ့ ကို မျှော်နေတော့မှာပဲ ....


done
ReplyDeleteရင်ထဲစွဲအောင်နာပါတယ်ကလေးတို့ရေ
ReplyDeleteDone
ReplyDeleteရင်နာလိုက်တာဗျာ
ReplyDeleteရင်ထဲမချိဘူး ၊ ဒီပွဲနိုင်မှဖြစ်မယ်ဒါမှပြည်သူတွေအေးချမ်းမယ်🍎
ReplyDelete😢
ReplyDelete😭😢🙏
ReplyDeletedone🍎
ReplyDeleteမမြင်ရဲ မမြင်ရက်ပေမယ့်
ReplyDeleteရင်နာစွာနဲ့ကြည့်ထားတယ်