Thursday, November 4, 2021

Click 4 Tanintharyi

"မြင့်မိုရ်လက်ခပ်တောင်"
(လောင်းလုံး မြို့နယ်၊ စမ်းလှမ်းရွာ)

တနင်္သာရီဒေသဟာ တောင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ဝန်းရံထားတဲ့ လှပတဲ့ ဒေသလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီပို့စ် လေးမှာတော့ Hiking လုပ်ဖို့ သင့်လျော်တဲ့ အမြင့်ပေ ၁၉၂၇ မြင့်မားတဲ့ တောင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီတောင်ပေါ်ကနေ လောင်းလုံး ကျွန်းဆွယ်၊ ဘုတ်ကျွန်းအလှနဲ့ စမ်းလှမ်းကမ်းခြေတို့၏ အလှကို ပန်းချီကားတစ်ချယ်အလား ရင်သပ်ရှုမော်ဖွယ် ရှုစားနိုင်ပါတယ်။ ဆောင်းရာသီမှာဆို တောင်တက်အားကစားသမားများအတွက် အလွန်သင့်တော်တဲ့ နေရာပဲဖြစ်ပါတယ်။ တောင်ခြေမှာဆိုရင်တော့ အေးချမ်းလှပတဲ့ စမ်းလှမ်းတံငါရွာလေး ရှိပါတယ်။ ကျန်းမာရေးအတွက် တောင်တက်လေ့ကျင့်ခန်းလုပ်ပြီး အပြန်ခရီးမှာ ပင်လယ်ပြင်ရဲ့ သဘာဝအလှကိုပါတစ်ပါတည်းခံနိုင်တဲ့ နေရာတစ်ခုအဖြစ်  ဖော်ပြလိုက်ရပါတယ်။ 
ယခုဖော်ပြထားသည့် မြင့်မိုရ် လက်ခတ်တောင်သည် ပထဝီစာအုပ်ထဲတွင် ပါဝင်သည့် တနင်္သာရီဒေသ၏ အမြင့်ဆုံးတောင်ထိပ် တစ်ခုမဟုတ်ပါ။ ဒီတောင်နဲ့ နာမည်တူတဲ့ တောင်တစ်ခုလည်း ပုလောဘက်မှာ ရှိပါသေးတယ်။ ဒီအကြောင်းကိုတော့ နောက်ပို့စ်များမှာ ဖော်ပြပါ့မယ် ရှင်။
ယခုတင်ပြချက်သည် သဘာဝပတ်ဝန်းကျင် အလှအပဆိုင်ရာ အမြင်နှင့်သာ တင်ပြထားခြင်း ဖြစ်ပါသည်။ ကျန်ရှိသော ဒေသန္တရဗဟုသုတများအား comment တွင် ပါဝင်ဝေမျှပေးနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည် ခင်ဗျာ/ရှင်။






11 comments:

  1. Mornningပါအေပထမအကြိမ်စဝင်ပီ

    ReplyDelete
  2. ဘယ်နားလဲအဲဒိတောင်

    ReplyDelete
    Replies
    1. လောင်းလုံးမှာလေ

      Delete
    2. ကျော်ဖတ်မိလို့ ကျေးဇူးပါ

      Delete
  3. ဒုတိယအကြိမ်စဝင်ပီ

    ReplyDelete
  4. တနင်္သာရီဒေသရဲ့အမြင့်ဆုံးဖြစ်တဲ့ ပေ ၆၀၀၀ ကျော်တဲ့ မြင့်မိုရ်လက်ခပ်တောင်က ပလောက်နားက တောင်ပါ။ လောင်းလုံးစမ်းလှမ်းကတောင်က ပေ ၁၇၀၀ ကျော်ပဲရှိတဲ့ မြင့်မိုရ်လက်ခပ်တောင်ပါ။ အမြင့်ဆုံးမဟုတ်ပါ။ နာမည်တူတာပါ။

    ReplyDelete
  5. တတိယအကြိမ်စဝင်ပါပီ

    ReplyDelete

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...