Thursday, November 4, 2021

Click 4 Tanintharyi

ဆီမီးထွန်းပူဇော် ဒီပါဝလီပွဲတော် 🪔

ဒီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ ဒီပါဝလီနေ့ဖြစ်တာကြောင့် ဒီပါဝလီနေ့ အကြောင်းကို မျှဝေပေးသွားပါမယ်။

▪ ဒီပါဝလီနေ့ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့ မီးထွန်းပွဲတော်နေ့ဖြစ်ပါတယ်။ ဒီပါဝလီပွဲတော်ဟာငါးရက်တာကြာမြင့်ပြီး ဟိန္ဒူဘာသာဝင်တို့ရဲ့ အကျော်ကြားဆုံးပွဲတော်တစ်ခုဖြစ်ပါတယ်။ နှစ်စဥ်နှစ်တိုင်း ဆောင်းဦးကာလ၊ ဂရီဂိုးရီးယန်းပြက္ခဒိန်အရဆိုရင် အောက်တိုဘာလလယ်နဲ့ နိုဝင်ဘာလလယ်တွေမှာ ကျင်းပလေ့ရှိပါတယ်။ ဒီပါဝလီနေ့ကို မြန်မာနိုင်ငံနဲ့ နိုင်ငံတော်တော်များများမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြပါတယ်။

▪ ဒီပဆိုတာ မီးအလင်းရောင်ဖြစ်ပြီး ဒီပါဝလီဟာ ဆီမီးခွက်စီတန်းထွန်းညှိပူဇော်တဲ့ပွဲ ဖြစ်ပါတယ်။ ပွဲတော်မတိုင်ခင်မှာ မိမိတို့နေအိမ်တွေ၊ အလုပ်နေရာတွေကို သန်ရှင်းရေးလုပ်တာ၊ အလှဆင်တာများပြုလုပ်ပြီးမှ အကောင်းဆုံးအဝတ်အစားများဝတ်ဆင်ပြီး အိမ်အတွင်းအပြင်၊ လုပ်ငန်းနေရာအတွင်းအပြင်မှာ ဆီမီးတွေ၊ ဖယောင်းတိုင်တွေ ထွန်းညှိကာ ဘုရားတွေ၊ မယ်တော်တွေ၊ နတ်မင်းကြီးတွေကို ပူဇော်လေ့ရှိပါတယ်။

▪ မီးပူဇော်ခြင်းဖြင့် အလင်းနှင့်အမှောင်ကိုဖြိုခွင်းနိုင်ပြီး အဆိုးအညံ့တွေရှိခဲ့ရင်လည်း ပြေပျောက်ကာ ကောင်းတဲ့အရာတွေရောက်လာဖို့၊ မျှော်လင့်ချက်တွေ ရရှိလာစေဖို့ဆိုတဲ့ အဓိပ္ပါယ်နဲ့ မီးပူဇော်ကြခြင်းဖြစ်ပါတယ်။ ဒီပါဝလီပွဲတော်နဲ့ အတူလူသိများတာက ရန်ဂိုလီတန်ဆာဆင်ခြင်းပါ။ ရန်ဂိုလီတန်ဆာဆင်ခြင်းဆိုတာ ရောင်စုံအမှုန့်တွေ သဲတွေကိုအသုံးပြုကာ ဟိန္ဒူတို့ရဲ့ ကနုတ်လက်ရာတစ်မျိုးဖြင့် တန်ဆာဆင်ခြင်းဖြစ်ပါတယ်။

ဒီပါဝလီပွဲတော်ဟာ မီးထွန်းပွဲတော်သာမဟုတ်ဘဲ သူငယ်ချင်း၊ မိတ်ဆွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ရိုးရာမုန့်တွေ၊ လက်ဆောင်တွေ အပြန်အလှန်ပေးကြတဲ့ ပျော်ပွဲရွှင်ပွဲလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းများက လက်ရှိမြန်မာနိုင်ငံကြီးအတွင်း မြောက်မြားစွာသော အပြစ်မဲ့ပြည်သူများသေဆုံးထားရခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်မှုမရသေးသည်ကို သတိပြုဆင်ခြင်ကာ ပျော်ပွဲရွှင်ပွဲများ၊ ဘာသာရေးအဆုံးအမအရ မသင့်လျော်မယ့် ဆူဆူညံညံပျော်ပါးမူးယစ်ခြင်းများကို မပြုလုပ်မိရန် မေတ္တာရပ်ခံထားပြီး၊

ဒီနှစ်ရဲ့ဒီပါဝလီပွဲတော်မှာ ပူဇော်ပွဲကို မိမိတို့၏အိမ်တွင် မိသားစုဝင်များဖြင့်သာ အကျဉ်းချုံးကျင်းပကြပြီး၊ မိမိတို့၏အိမ်တွင်သာ အဓမ္မမှုကို အောင်နိုင်ပြီး အောင်ပန်းကို ပန်ဆင်လာတဲ့ ဘုရားရှင် ရှရီရာမ်းကို ဆီမီးနဲ့ကြိုဆိုပြီး ဆီမီးထွန်းပွဲတော်ကို ဆင်နွှဲကြဖို့ ပန်ကြားထားပါတယ်။

သူငယ်ချင်းတွေအားလုံးလည်း ဒီပါ၀လီနေ့မှာ ဘေးကင်းကျန်းမာပြီး၊ အဓမ္မမှုကို အမြန်ဆုံးအောင်နိုင်ကာ ပြည်သူပြည်သား၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနဲ့အတူ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီအောင်ပန်းကိုပန်ဆင်ကြပြီး နောက်နှစ်တွေမှာ နဂိုမူလကလိုပဲ ဒီပါဝလီပွဲတော်ကြီးတွေကို ပျော်ရွှင်ချမ်းမြေ့စွာ ပြန်လည်ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.... ✨🪔

#MOENUG
#HomeBasedLearning
#Myanmar
#Credit


10 comments:

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...