Saturday, October 2, 2021

Cutie One


ဒီတစ်​ခေါက်ရဲ့ ထူးဆန်းတဲ့ ပန်းလေးကတော့ Anguloa လို့ခေါ်တဲ့ချစ်စရာကောင်းတဲ့ပုံစံရှိတဲ့ပန်းလေးပါ။
အနှီးထုပ်ထားတဲ့ကလေးလိုပုံရှိတဲ့ ဒီOrchidလေးကိုတော့ Tulipပန်းနဲ့ ပုံသဏ္ဍာန်ဆင်တဲ့အတွက် Tulip Orchidလို့လည်း ခေါ်ပါသေးတယ်။
ပွင့်ဖတ်လေးကတော့ ဥပုံ လုံးချွန်ချွန်လေးဖြစ်ပြီး အပေါ်ပိုင်းကိုတော့ ခပ်ဟဟ ဖွင့်ထားတဲ့ပုံလေးဖြစိပါတယ်။အပင်ရဲ့အရွယ်အစားက ၁၈လက်မ​ကနေ ၂၄ လက်မလောက်အထိပဲ ရှိပြီးတော့ ပန်းပွင့်ရဲ့အမြင့်ကတော့ ၂၀စင်တီမီတာထက် ပိုရှည်ပါတယ်။အရောင်ကတော့ အဖြူ၊အနီ၊အဝါ ရှိပြီး တစ်ခါတစ်လေ နှစ်ရောင်စပ်ပြီးလည်း ပွင့်တတ်ပါတယ်။Tulip Orchidလေးတွေက နွေဦးရာသီမှာပွင့်​လေ့ရှိပြီး အရွက်ထက် ပန်းပွင့်ရဲ့အရွယ်အစားက ပိုကြီးပါတယ်။အရွက်ကလည်း အဖူးပုံစံတူ အတွန့်လေးတွေနဲ့ ဆွဲဆောင်မှုရှိပြီး လှပါတယ်။ဒါ့အပြင် Orchidအနံ့လေးကလည်း ထူးထူးဆန်းဆန်း သစ်ကြံ့​ပိုးခေါက်အနံ့လေးမွှေးပါတယ်တဲ့ရှင်။Anguloaလေး အဓိက ပေါက်တဲ့နေရာ​ေတွကတော့ ကိုလံဘီယာ၊ဗင်နီဇွဲလား၊အီကွေဒါ၊ဘိုလီဗီးယားနဲ့ ပီရူး ဒေသတွေပဲ ဖြစ်ပါတယ်။ပန်းပုံလေးကတော့ တကယ့်ကို ထူးထူးဆန်းဆန်းနဲ့ ကလေးလေးကို အနှီးထုပ်ထားတဲ့ဟန် ချစ်စရာလေးမို့ ထူးဆန်းတဲ့ပန်းလေးတစ်မျိအနေနဲ့ ဝေမျှလိုက်ရပါတယ်ရှင်


Photo&Source from Wiki
#credit wiki

No comments:

Post a Comment

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...