Saturday, July 2, 2022

ခင်ဗျားကိုကျွန်‌တော်ချစ်နိုင်တယ်...ဒါမှမဟုတ် 
ချစ်တယ်

ခင်ဗျားကို ကျွန်‌တော်မုန်းနိုင်တယ်...ဒါမှမဟုတ်
မုန်းတယ်

ဘယ်တုန်းကမှ ခွင့်မတောင်းဘဲယူထားတဲ့
ဒီအခွင့်အရေးကို ခင်ဗျားဆန္ဒမပါဘဲ
တစ်သက်လုံးယူထားမယ်။

သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ
ကျွန်တော့်အချစ်နဲ့အမုန်းအတွက်
ဘယ်တော့မှ ကြေကွဲမိမှာလည်းမဟုတ်ဘူး....။

နောင်တရမိမှာလည်းမဟုတ်ဘူး....။

-ဖော်ဝေး-


LIFE
---------


ဘဝဆိုတာ
အခက်ခဲဆုံး စာမေးပွဲပဲ
လူများစုက ကျရှုံးကြရတယ်
သူများတွေ(ဘဝ)ကို
ကော်ပီကူးဖို့ ကြိုးစားကြလို့ပဲ
လူတစ်ယောက်ချင်းအတွက်
မေးခွန်းလွှာက တစ်မျိုးစီဆိုတာ
သဘောမပေါက်ကြတဲ့
ပြသနာ

Life is the most difficult exam,
many people fail
because they try to copy
others', not realizing that
everyone has a different question paper.



San Zuren 🌸


အမှိုက်များ လေထဲလွင့်နေသည်

မနက်ခင်းဆိုတာ

လေသန့်မှ ကြည်လင်တယ်ဆိုရင်

ငါတို့နိုင်ငံက ညသန်းခေါင်မှာ အချိန်တွေရပ်နေတုန်းဖြစ်မယ်

တောက်...ငါတို့အနားကို လူတွေမကပ်နိုင်ကြဘူး။

တော်လှန်အနံ့တွေ ငြိနေလို့တဲ့။

ခင်ဗျားတို့လို့ ကျွန်ဆပ်ပြာမသုံးတော့ မကျွတ်ဘူးနေမယ်

မိလ္လာအိုင်ထဲ သွန်ချလိုက်တဲ့အထဲ ဦးနှောက်တွေက အနံ့တွေစွဲလို့ပေါ့

ပါးစပ်တွေက ဟောင်ဖွာဟောင်ဖွာ

ဒီ...ခွေး...သူ...တောင်း...စား...တွေ...ကွာ...

စာမဖတ်တတ်ဘူး လူလိုနားမလည်ဘူးထင်တယ်

ဤနေရာတွင် အမှိုက်မပစ်ရ

အမှိုက်နံ့များ နှာခေါင်းမှာစွဲပြီးမှတော့လည်း ရိုးနေပြီပေါ့လေ

မြောင်းပုပ်ထဲက ဤတိုင်းပြည်

ရေသေအိုင်ထဲ ပက်လက်လန်နေလေတော့သည်

#Tommy

Friday, July 1, 2022

“ ချောင်းကြည့်ပေါက်များ ”

သူ့အလို
အထက် အဆိုပါအကြောင်းများအရ
တွေးဆချက်များမှာ

(၁)
“စကားလုံးများ” ဟာ “အတု”ဖြစ်ပြီး
“စိတ်”သည်“အစစ်အမှန်” ဖြစ်တယ် တဲ့။

(၂)
“ခြေထောက်တွေ” ဟာ “လမ်း”ဖြစ်ပြီး
“ငါ” သည် “ခရီးဆုံး” ဖြစ်တယ် တဲ့။

(၃)
ဆိုတော့ကာ
အဲဒီခြေထောက်အတုတွေနဲ့
အဲဒီ စကားလုံးတင်းကြမ်းပြည့်လမ်းကိုပဲ
စီးစီးပြီး သွားနေရတာ တဲ့။
အဲဒီခရီးဆုံးမှ ရောက်ပါ့မလား
အဲဒီအစစ်အမှန်ရော ဟုတ်ပါ့မလား
အဲဒီစိတ်ကြီးကို ကုန်လွန်းလို့
အဲဒါ  ငါကဖြင့် တဲ့။
အင်း...
ပျင်းတယ်ဆိုတာကြီးပဲ
ကြိတ်မနိုင် ခဲမရ ။   ။
                            
-ထူးအိမ်သင်
                 
ရုပ်ရှင်တေးကဗျာ ( ၂၀၀၂  )
သက်တံမြစ်

ညနေခင်းတစ်ခု
မိုးစဲလင်းပွင့် ကောင်းကင်မှာ

ဟာ......
လှလိုက်တဲ့ သက်တံကြီးတစ်စင်း
စီးဆင်းနေတာတွေ့တယ်။

ရုတ်တရက်ပဲ
ငါကြေကွဲခဲ့ရပေါ့။
ဘဝဆိုတာ သက်တံလိုပါလား.....

ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့။  ။

-ထူးအိမ်သင်-

Happy birthday in heaven.
အိမ်ကလေးလိုတယ်
__________________

စိတ္တဇဆေးရုံကြီးထဲက လူနာဖြစ်သူ
ရုရှားလူငယ်လေး ဂရိုမော့ဗ်ဟာ
အရူးလက်မှတ် မလိုခဲ့ဘူး

Suicide နဲ့ရုန်းထွက်ခဲ့တဲ့ 
၃၇ နှစ် ဗန်ဂိုးရဲ့အဆုံးသတ်ဟာ
ဒိုင်းခနဲ တော်လှန်ရေးလုပ်ပြသွားတာပဲ
အဓိပ္ပါယ်က 
မင်းတို့ ကြိုက်အောင်ငါမလုပ်ဘူး
ငါကြိုက်တာပဲ ငါလုပ်ခဲ့တယ်
ဗန်ဂိုး ခပ်ညံ့ညံ့ကောင် မဟုတ်ဘူးပေါ့

ကမ္ဘာကြီးအကြောင်းစဉ်းစားတိုင်း
ဘဝကအသိကို ပြဋ္ဌာန်းတဲ့ လူ့လောကီမှာ
အိမ်ကလေး လိုတယ် 

ကျော်မြင့်လွင်(ထူးအိမ်သင်)လူဆိုးပါလို့
အနုပညာမသိတဲ့ လူတတ်ကြီးတွေ 
သံပြိုင်ထွက်တော့သူ့အမေ ငြင်းဆို
တလုံးတည်းထွက်တဲ့ အသံဟာ
``ငါ့သားက လူဆိုးမဟုတ်ဘူး
သူဟာအနုပညာသမား..''

အဲဒီလို အိမ်ကလေးလိုတယ် ။

အဖေ့ကို လူပိန်းတွေက
``ခင်ဗျားသားဟာ လူမိုက်
ရပ်ကွက်လူကြီးစကားတောင် နားမထောင်ဘူး''
 ....ရယ်လို့ စစ်ရေးစတော့
အဖေက သူ့တော်လှန်ရေးကိုပြဋ္ဌာန်း
စစ်ကြေညာခဲ့တာပေါ့လေ 

ကျနော့သားက စာဖတ်တယ်
သူ့မိုက်ရဲမှုကို ကျနော်ယုံတာပေါ့
သူမမှားဘူး. . ရပ်ကွက်ကမှားနေတာ 

အဲဒီလို အိမ်ကလေးလိုတယ် ။

နင့်အစ်ကိုက
အစိုးရဆန့်ကျင်ရေးသမား

မဟုတ်ဘူး...
ငါ့ အစ်ကိုက အစိုးရကောင်းကိုလိုချင်တာ
ပြည်သူ ထမင်းမဝရင်
သူ အမြဲဆန့်ကျင်နေမှာ . .

အဲဒီလို အိမ်ကလေးလိုတယ် ။

နင့်အကောင်က
နင့်အပေါ် မပြောနဲ့
သူ့မိသားစုအပေါ်တောင် တာဝန်မကျေခဲ့ဘူး

မဟုတ်ဘူး
ကျမအကိုက
တစ်ဖက်မှာ တာဝန်ကျေချင်လို့
တစ်ဖက်မှာ တာဝန်ပျက်ကွက်နေတာ 
သူ့ပေးဆပ်မှုအပေါ် ကျမသိပ်ယုံတယ်
ကျမသူ့အချစ်ကို နားလည်ထားတယ်

သူတို့ဆိုရှယ်လစ် အိပ်မက်ကြီး
အောင်မြင်မှာ. .

အဲဒီလို အိမ်ကလေးလိုတယ် ။

အိမ်ကလေး လိုတယ်
စာအုပ်တွေ ရှိမယ်
ချစ်ခြင်းမေတ္တာ ရှိမယ်
သောက်တလွဲလူ့အဖွဲအစည်းကို
ပတ်ဝန်းကျင် မတော်ဘူးဆိုတဲ့အတွေးနဲ့
ဗန်ဂိုး မသိ
ဗန်းမော်တင်အောင် မသိ
ခင်ဝမ်း မသိ
ခိုင်ထူး မသိ 
အနုပညာ မသိ 

ကိုယ်ကျင့်တရားမရှိတဲ့လူ့အဖွဲ့အစည်းထဲ
တကယ်သာနေချင်စရာကောင်းရင်
ဗုဒ္ဓလည်း တောမထွက်ဘူး
မြို့မငြိမ်းလည်း  အုတ်ကားအောက် ပြေးမဝင်ဘူး

ခုတော့
ဘုရားလည်း တရားပဲချန်ခဲ့
မြို့မငြိမ်းလည်း ဖိနပ်တရံသာချန်ခဲ့
ကျနော်မှာလည်း ကဗျာပဲကျန်ခဲ့ 

နာနာကျင်ကျင် ရပ်ဝန်းမှာ
ခပ်ပြုံးပြုံးလေးနဲ့ အလိုရှိခဲ့ပါတယ်
ယိုင်သွားရင်တောင် ပြိုမသွားမယ့်
အိမ်ကလေး လိုတယ်ပေါ့ 

အိမ်ခြေယာမဲ့ လူငယ်တစ်ယောက်
ချစ်ခြင်းမေတ္တာ ငတ်မွန်းတဲ့လူငယ်တစ်ယောက်
ဘဝမှာ ရူးသွပ်တဲ့အတွေးအခေါ်က
နှစ်ရပ်တည်း

ကဗျာ သရဏံ ဂစ်ဆာမိ 
ချစ်ခြင်းမေတ္တာ သရဏံ ဂစ္ဆာမိ ပါတဲ့ 

ဗန််ဂိုး
ဂရိုမော့ဗ် 
မြို့မငြိမ်း
လွတ်မြောက်ရေးဆီ ဦးတည်လျှောက်ခဲ့ကြ

သူတို့အကြောင်းသိတဲ့
အိမ်ခြေယာမဲ့
ကဗျာဆရာလည်း
ကိုယ့်ကိုယ်ကိုယ် နဲ့
ကိုယ့် ခေတ်ကို ပြန်ကြည့်မှ 
'​သေနတ်က ​ ..လိုနေပြန်ပါပြီ...'။   ။
  

 -ဆောင်းဦးသွင်-
(မဟာအိုက်ခမန်းနိုင်ငံတော်ကဗျာစာအုပ်မှ)


“ဘဝဆိုတာ သက်တံ့လိုပါလား"

ရှိတော့ရှိပါရဲ့
ဒါပေမယ့် အရှိမဲ့။ ။ ”

ချစ်ခြင်းမေတ္တာနဲ့ဉာဏ်ပညာကိုအကြောင်းပြုလို့
ငြိမ်းချမ်းပါစေဆန္ဒပြုပါတယ်!

ချစ်ခြင်းအားဖြင့် (ထူးအိမ်သင်)

#Collage By Burmese Old Songs

လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...