C4T Program ပြုလုပ်ခြင်းသည် တနင်္သာရီဒေသအတွင်းရှိ Local PDF Heroesများ၊CDM Heroesများ၊ စစ်ဘေးရှောင်များအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။
Thursday, November 25, 2021
Click4Tanintharyi
------ကမ်းလာတဲ့လက် နှုတ်ဆက်ဖို့ရာ
သူ့လက်ဝါးမှာ ငါ့ပါးရာကြီးက
မပျက်သေး------
"ဒါငါတို့ကဗျာ ဒါငါတို့သီချင်း"
"ကမ္ဘာမကြေ". . . ဆိုပိုင်ခွင့်မရှိရင်
"ကမ္ဘာမကြေဘူး" . . ဆိုလိုက်ကြလိမ့်မယ်. . . ။
နှလုံးအပုတ်ဟာ
ထုံးသုတ်ရုံနဲ့ မဖြူနိုင်
အကန်းလျှောက်သလို
လမ်းဖောက်နေကြရဲ့
တံတားဆောက်ပြီး
အများကြောက်အောင်
ခါးထောက်နေတော့ရော
မာရှယ်လောဟာ ဖာသည်
ပေါတာပါပဲကွဲ့။
"ကမ္ဘာမကြေ" . . . ဆိုခွင်မပြုရင်
"ကမ္ဘာမကြေဘူး". . . ဆိုချင် လာလိမ့်မယ်။
၅(ည) တဲ့လား
စားရတော့ ပုံစံ
ပါးချလို့ စုံကန်သကွဲ့
ပုန်ကန်ရင် သတ်ပစ်မယ်တဲ့
သေနတ်ကြီးရှိတယ်
သတ်နည်းသိတယ်
တပ်ကြီးလည်း ရှိတယ်။
"ကမ္ဘာမကြေ". . . ဆိုခွင့်မရရင်
"ကမ္ဘာမကြေဘူး" . . . ဆိုလိုက် ကြတော့မယ်။
ပူးသတ်မယ် ပူးသတ်မယ်ဆိုတဲ့
မနူးမနပ်ကောင်တွေလည်း
ခုတော့ အရူးဇာတ် ခင်းရတော့
မလိုလို
ဆုပ်ထားတဲ့ လက်သီး
ဖြည်ပြီးပြီပဲ ထားပါတော့
ကမ်းလာတဲ့ လက် နှုတ်ဆက်ဖို့ရာ
သူ့လက်ဝါးမှာ ငါ့ပါးရာကြီး
မပျက်သေး။
"ကမ္ဘာမကြေ". . . ဆိုခွင့်မပေးရင်
"ကမ္ဘာမကြေဘူး". . . ဆိုလိုက် ကြရအောင်။
မောင်မှိုင်းလွင်(အင်းဝ)
Click4Tanintharyi
ဆောင်းဟာ မြို့ပေါ်မှာ မအေးပေမယ့် တောထဲမှာတော့ အသည်းခိုက်အောင်အေးပါတယ်ခင်ဗျာ။တောထဲမှာ စစ်ဘေးရှောင်နေရတဲ့ ညီအစ်ကိုမောင်နှမသားချင်း ပြည်သူတွေနဲ့ ရဲဘော်လေးတွေဆိုလညိး အအေးဒဏ်ကိုအတော်ခံနေရမှာပါ။ထောက်ပို့တပ်သားရဲဘော်တွေ ဖြစ်တဲ့ ကျွန်တော်တို့ Clicker teamကလည်း တစ်ထောင့်တစ်နေရာကနေ ကူနိုင်ဖို့ ကြိုးစားကြပါစို့ ခင်ဗျာ။
#photocredit
Wednesday, November 24, 2021
Click4Tanintharyi
Click Timeလေး ရောက်လာပါပြီခင်ဗျာ။✊✊✊အားကြိုးမာန်တက် Clickကြပါစို့ခင်ဗျ😍။တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်ခင်ဗျ။
#photocredit
Subscribe to:
Posts (Atom)
လေတသုန်သုန်တိုက်လျက် မိုးစက်များစိုရွှဲလျက် ကမ္ဘာမြေဟာ လူမသိသူမသိကြွေကျပျက်စီးခဲ့တဲ့ သစ်ရွက်အနွမ်းတို့ကို အုပ်မိုးပွေ့ဖက်တော်မူပါတယ်။ ရှေးဟေ...
-
လူသားဆန်ဖို့ Clickရမယ်💪✊ ဘာဖြစ်ဖြစ်Clickမှရမယ်လို့သာတွေးပြီး clickကြရအောင်ပါခင်ဗျာ။ #photocredit
-
◼အမှောင်◼ ကျေးရွာအနှံ့ မီးလင်းလိုက်တာ ထိန်လို့...။ တခဏချင်း ပြာပုံဖြစ်သွားတယ် ။ ©လကျာ်ဧ #thevoiceofspring #poem #thevoiceofspring






